11:24
Live
First Floor · C1 · U17 Boys SinglesM-118 Second Floor · C2 · U17 Girls SinglesMatch #M-002 Second Floor · C3 · U17 Girls SinglesMatch #M-003 First Floor · C4 · U17 Boys SinglesM-012
Youth

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် သက်ထားသူဇာ ယှဉ်ပြိုင်နေစဉ်

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် သက်ထားသူဇာ ယှဉ်ပြိုင်နေစဉ်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၁ နှစ်လယ်ပိုင်းက ပြန်လည်ကျင်းပသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရပြီး ပထမဆုံး အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သက်ထားသူဇာသည် တိုကျိုအိိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန်အတွက် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက ကြိုးပမ်းခဲ့ပြီး လက်ရည်စစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် လက်ရည်စစ်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှုများ ရယူနိုင်သဖြင့် သတ်မှတ်ထားသည့် အဆင့်အတွင်း ရပ်တည်နိုင်ကာ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်လက်ရည်စစ်ပွဲကာလအတွင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့် ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ နှစ်ဆန်းမှ ၂၀၂၀ ဖေဖော်ဝါရီလကုန်အထိ ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲများကို ကိုယ်ပိုင်အစီအစဉ်၊ ကိုယ်ပိုင်စရိတ်များဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အခက်အခဲများလည်း ကြုံတွေ့ခဲ့ရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အိုလံပစ်လက်ရည်စစ်ပွဲများကို ၂၀၂၀ မတ်လဆန်းအထိသာ ကျင်းပနိုင်ခဲ့ပြီး ကိုးလဝန်းကျင် ရပ်နားခဲ့ရကာ ၂၀၂၁ နှစ်ဆန်းပိုင်းမှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သက်ထားသူဇာအနေဖြင့် အိုလံပစ်လက်ရည်စစ်ပွဲများ ပြန်လည်ကျင်းပစဉ် ကပ်ရောဂါကြောင့် ခရီးသွားလာရန် ခက်ခဲခြင်းကြောင့် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိသော်လည်း အိုလံပစ်ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် အဆင့်ဝင်ခဲ့သဖြင့် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲတွင် အုပ်စု (M)၌ ဘယ်လ်ဂျီယံနိုင်ငံသူ လိုင်နီတန်၊ အင်ဒိုနီးရှားနိုင်ငံသူ မာရီဆာကာတို့နှင့်အတူ ကျရောက်ခဲ့သည်။ သက်ထားသူဇာသည် ယင်းကစားသမားနှစ်ဦးစလုံးကို နှစ်ပွဲ ပြတ်စီဖြင့် ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ကမ္ဘာ့အဆင့် မြင့်မားသည့် ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရသဖြင့် အတွေ့အကြုံကောင်းများ ရယူနိုင်ခဲ့သည်။

Back to News