Badminton Asia မှ ချီးမြှင့်သော Asia Olympic Project (AOP) Scholarship ကို မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) ရဲ့ လက်ရွေးစင်အားကစားသမား ဟိန်းထွဋ် (Hein Htut) ရွေးချယ်ခြင်းခံရကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
ဒီရွေးချယ်မှုဟာ ဟိန်းထွဋ်ရဲ့ ၂၀၂၅ ခုနှစ် ကွာလာလမ်ပူ AOP Camp မှာ ပြသခဲ့တဲ့ ထူးချွန်တဲ့ ဇွဲလုံ့လတွေနဲ့ တစ်နှစ်ပတ်လုံး နိုင်ငံတကာပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ရရှိလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အနေနဲ့လည်း ဟိန်းထွဋ်အတွက် အကောင်းဆုံး ပြိုင်ပွဲအစီအစဉ်တွေနဲ့ လေ့ကျင့်မှုတွေကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ လူငယ်အားကစားသမား ဟိန်းထွဋ် တစ်ယောက် အိုလံပစ်စင်မြင့်ထက်အထိ တက်လှမ်းနိုင်ဖို့ ပရိသတ်ကြီးအားလုံးက အတူတူ ဆုတောင်းပေးကြပါဦးခင်ဗျာ။